| Country | |
| Publisher | |
| ISBN | null |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2023 |
| Bib. Info | 222p. |
| Categories | Literature |
| Product Weight | 230 gms. |
| Shipping Charges(USD) |
အမော... ယင်းအမောတွင် အလွမ်းဆင့်ကြည့်ပါ။ အလွမ်းကြောင့် မောရသည့် အမောသည် ပိုလို့ နွမ်းလျစေသည်။ ယာတော၊ထန်းတောများတွင် ကြီးပြင်းရသော ဘဝသည် ကနွဲ့ကလျ ဆန်မည်မဟုတ်။ ရွာသူကလေးသည်လည်း ထန်းပင်ထန်းရည်၊ထန်းလျက်များကြားမှာ မနုနေနိုင်အား။ ထိုမျှမကဘဝဒဏ်နှင့် အလွမ်းမောများမှ ထပ်ဆင့် ဖိစီးထားသည့်အခါ မျက်နှာမွဲ ရွာသူကလေးသည် မည်သို့ ရှိလေမည်နည်း။ ထိုမိန်းကလေးကို ဗဟိုပြုလျက် ထန်းဓလေ့၊တောဓလေ့၊ လူမှုဓလေ့များကို ရက်ဖောက်ရေးသားထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ အလွမ်းများကို ဘယ်အခါ ဘယ်ပုံဖြင့် ငြိမ်းစေသလဲ ဟူသည်ကို ဖတ်ရှုရပါမည်။ မြန်မာ့ရိုးရာလူမှုအစဥ်အလာ ရေစီးထဲတွင် မျောပါခဲ့ရသော ရင်ခုန်ဖွယ်၊လွမ်းမောဖွယ်၊ နာကြင်ဖွယ်၊ စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သည်။